ထုတ်ပြန်ချက်များ

ထုတ်ပြန်ချက်များ

တော်လှန်ရေး ရံပုံငွေအစီအစဥ်၏ လုပ်ဆောင်ချက်များနှင့် သတင်းများကို ဤနေရမှ အဆက်မပြတ်တင်ပပေးသွားပါမည် ...

image

တူမီးထီအစီအစဉ်ဖွင့်လှစ်ကြောင်းကြေညာခြင်း

  • 658
  • 2022-04-12 02:19 AM

၁။ ချင်းရန်ပုံငွေအဖွဲ့ - Chin Relief Funding Program (CRFP) သည် ချင်းအမျိုးသားတော်လှန်ရေးအတွက် လိုအပ်သည့်ဘဏ္ဍာငွေရှာဖွေခြင်းနှင့် တော်လှန်ရေးကာလအလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဦးတည်လျှက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။

Read More
image

ချင်းတော်လှန်ရေးရန်ပုံငွေအဖွဲ့ ဖွဲ့စည်းကြောင်း ကြေငြာခြင်း

  • 678
  • 2022-02-21 09:04 PM

၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြန်မာနိုင်ငံသမိုင်း၌ ပြည်သူ့အာဏာအား မြန်မာ့ တပ်မတော်မှ ပဉ္စမအကြိမ်မြောက် မတရားအာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပါသည်။ နှစ်ပေါင်း (၆၀) ကျော် လွှမ်းမိုးနေသည့် စစ်အာဏာရှင်စနစ်အား အပြီးတိုင်ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ထူထောင်ရန် မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ပွဲဝင်တော်လှန်ကြသည်မှာ တစ်နှစ်ကျော်လာပြီဖြစ်သည်။ တော်လှန်ရေးတစ်နှစ်ကျော် ကာလအတွင်း ပြည်သူများအနေဖြင့် အောင်မြင်မှုများစွာရရှိသည်ကို အားရဖွယ်တွေ့ရှိရသော် လည်း အဆုံးစွန်သော အောင်မြင်မှုရရှိရန်အတွက် တော်လှန်ရေးအရှိန်မြှင့်ပြီး နည်းလမ်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင်ရန် လိုအပ်လျက်ရှိပါသည်။ ပြည်သူများ၏ပေးဆပ်မှုများပြားလာသည်နှင့် အမျှ တော်လှန်ရေးအတွက်ဘဏ္ဍာငွေလိုအပ်ချက်များသည်လည်း ပိုမိုများပြားလာပါသည်။

Read More