Blog Details

image

ချင်းတော်လှန်ရေးရန်ပုံငွေအဖွဲ့ ဖွဲ့စည်းကြောင်း ကြေငြာခြင်း

၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြန်မာနိုင်ငံသမိုင်း၌ ပြည်သူ့အာဏာအား မြန်မာ့ တပ်မတော်မှ ပဉ္စမအကြိမ်မြောက် မတရားအာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပါသည်။ နှစ်ပေါင်း (၆၀) ကျော် လွှမ်းမိုးနေသည့် စစ်အာဏာရှင်စနစ်အား အပြီးတိုင်ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ထူထောင်ရန် မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ပွဲဝင်တော်လှန်ကြသည်မှာ တစ်နှစ်ကျော်လာပြီဖြစ်သည်။ တော်လှန်ရေးတစ်နှစ်ကျော် ကာလအတွင်း ပြည်သူများအနေဖြင့် အောင်မြင်မှုများစွာရရှိသည်ကို အားရဖွယ်တွေ့ရှိရသော် လည်း အဆုံးစွန်သော အောင်မြင်မှုရရှိရန်အတွက် တော်လှန်ရေးအရှိန်မြှင့်ပြီး နည်းလမ်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင်ရန် လိုအပ်လျက်ရှိပါသည်။ ပြည်သူများ၏ပေးဆပ်မှုများပြားလာသည်နှင့် အမျှ တော်လှန်ရေးအတွက်ဘဏ္ဍာငွေလိုအပ်ချက်များသည်လည်း ပိုမိုများပြားလာပါသည်။

၂။ မိမိတို့ချင်းတိုင်းရင်းသားများသည်လည်း ညီနောင်တိုင်းရင်းသားများနှင့်အတူ ဖက်ဒရယ်ဒီမို ကရေစီနိုင်ငံတာ်သစ်ထူထောင်နိုင်ရန် တိုက်ပွဲဝင်တော်လှန်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီ၏ အနော်ရထာစစ်ဆင်ရေးနှင့် ဖက်ဆစ်အပြုအမူများကြောင့် ထန်တလန်မြို့တစ် မြို့လုံးနီးပါးမီးလောင်ပြာကျခဲ့ရသည့်အပြင် ချင်းပြည်နယ်ရှိပြည်သူအများအပြားမှာ စစ်ကောင် စီ၏ရက်စက်မှုဒဏ်ကို အလူးအလိမ့်ခံစားနေရပါသည်။ အခြားတစ်ဖက်တွင်လည်း တော်လှန် ရေးပန်းတိုင် အရောက်လှမ်းနိုင်ရန် ရန်ပုံငွေလိုအပ်ချက်မှာ တစ်နေ့ထက်တစ်နေ့ ကြီးထွားလာပြီး အလျင်မီအောင် ဖြည့်ဆည်းရန် အရေးတကြီး လိုအပ်နေပါသည်။

၃။ ထို့ကြောင့် ချင်းအမျိုးသားတော်လှန်ရေးအတွက် လိုအပ်သောရန်ပုံငွေများကို အားဖြည့်ပြီး အချိန်တိုအတွင်း အောင်မြင်မှုရရှိရန် Chin Revolution Funding Program-ချင်းတော်လှန် ရေးရန်ပုံငွေအဖွဲ့ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် အောက်ပါရည်မှန်းချက်များဖြင့် ဖွဲ့စည်းခဲ့ပါသည်။
(က) ချင်းအမျိုးသားတော်လှန်ရေးအတွက် စုပေါင်းအားဖြင့် ဘဏ္ဍာငွေ ရှာဖွေနိုင်သည့် နည်းစနစ်များ ဖော်ဆောင်လျှက် ရန်ပုံငွေရှာဖွေရန်။
(ခ) ချင်းလူမျိုးမဟုတ်သည့် မည်သည့်လူမျိုးမဆို ချင်းအမျိုးသားတော်လှန်ရေးအတွက်
အားဖြည့်ကူညီနိုင်မည့် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ရန်။
(ဂ) ချင်းတော်လှန်ရေးအင်အားစုများ၏ ဘဏ္ဍာရေးလိုအပ်ချက် ကွက်လပ်အား နောက် တန်းမှ အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်။

၄။ Chin Revolution Funding Program-ချင်းတော်လှန်ရေးရန်ပုံငွေအဖွဲ့သည် လုပ်ငန်းအကောင် အထည်ဖော်ရာတွင် အောက်ပါအခြေခံမူများအတိုင်း တိကျစွာ အကောင်အထည်ဖော်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကတိပြုထားပါသည်။
(က) ချင်းအမျိုးသားများစည်းလုံးညီညွတ်မှု။
( ခ ) စုပေါင်းခေါင်းဆောင်မှုနှင့် အပြန်အလှန် လေးစားမှု။
( ဂ ) တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု။
(ဃ) ကိုယ်ကျိုးခံစားခွင့်မယူသော လုပ်အားပေးမှု။
( င ) ဘုံရည်မှန်းချက်တူညီသည့် အဖွဲ့အစည်းများနှင့်ပူးပေါင်းလုပ်ဆောင်မှု။
( စ ) မိမိအဖွဲ့၊ မိတ်ဖက်အဖွဲ့များ၊ အလှူရှင်များနှင့် ကံစမ်းမဲ ဝယ်ယူအားပေးသူ အသီးသီး တို့၏ ဘေးကင်းလုံခြုံမှု။

၅။ Chin Revolution Funding Program-ချင်းတော်လှန်ရေးရန်ပုံငွေအဖွဲ့သည် National Unity Consultative Council (NUCC)၊ National Unity Government (NUG)၊ Committee Representing Pyidaungsu Hluttaw (CRPH) များသာလျှင် မြန်မာနိုင်ငံ၏တရားဝင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းများအဖြစ် လက်ခံပြီး Interim Chin National Consultative Council (ICNCC)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ (ပအဖများ)၊ Chinland Joint Defence Committee (CJDC) နှင့် အခြားချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များသည် ချင်းပြည်နယ် ကို တရားဝင်ကိုယ်စားပြုသည့် အဖွဲ့အစည်းများဖြစ်ကြောင်း လက်ခံထားသည်။ ထို့ကြောင့် Chin Revolution Funding Program-ချင်းတော်လှန်ရေးရန်ပုံငွေအဖွဲ့သည် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် ဒေသန္တရအစိုးရများမှ ပြဌာန်းသည့် ဥပဒေ/နည်းဥပဒေများနှင့်အညီ ရန်ပုံငွေ ရှာဖွေသည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

Chin Revolution Funding Program
ချင်းတော်လှန်ရေးရန်ပုံငွေအဖွဲ့

Leave a Comment