Blog Details

image

တူမီးထီအစီအစဉ်ဖွင့်လှစ်ကြောင်းကြေညာခြင်း

ထီ၁။ ချင်းရန်ပုံငွေအဖွဲ့ - Chin Relief Funding Program (CRFP) သည် ချင်းအမျိုးသားတော်လှန်ရေးအတွက် လိုအပ်သည့်ဘဏ္ဍာငွေရှာဖွေခြင်းနှင့် တော်လှန်ရေးကာလအလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဦးတည်လျှက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။

၂။ CRFP သည် ရန်ပုံငွေရှာဖွေရေး စီမံကိန်းများစွာကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ပထမဆုံးစီမံကိန်းအနေဖြင့် တူမီးထီ- Chin Digital Lottery အစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပါသည်။

၃။ တူမီးထီ Chin Digital Lottery အစီအစဥ်သည် Internet မှတဆင့် လွယ်ကူစွာ ကစားနိုင်မည့် စနစ်ဖြစ်ပြီး ကစားပုံအဆင့်ဆင့်ကို CRFP ၏ Facebook Page တွင် ‌အသေးစိတ်လေ့လာနိုင်ပါသည်။

၄။ ‌တူမီးထီသည် တော်လှန်ရေးကာလအတွင်း ရန်ပုံငွေရှာဖွေရန်အတွက်   ယာယီသတ်မှတ်ထားသည့် အမည်နာမတစ်ရပ်သာဖြစ်သည်။ နောင်ချင်းပြည်အစိုးရအသစ်ပေါ်‌ပေါက်လာပါက (Federal Lottery) အဖြစ် ချင်းဖက်ဒရယ်အစိုးရထံသို့ တရားဝင်အပ်နှံသွားပါမည်။

၅။ CRFP သည် ဘုံရည်မှန်းချက်တူသော မည်သည့်တော်လှန်ရေးအဖွဲ့အစည်းနှင့်မဆို လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါ၍ လက်တွဲလိုသည့် အဖွဲ့အစည်းများကို လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါ သည်။

Leave a Comment